ဒီ ရောဂါ ကတော့ စာဖတ်သူ တို့ ရင်းနှီးမှာပါ။ အဖြစ်လည်း များပါတယ်။ အမျိုး ထဲမှာ အသိမိတ်ဆွေ ထဲမှာ အသက် ကြီးသူတွေ မှာ ဒူးကိုက်လို့ ဒူးနာလို့ လှေကား အတက်အဆင်း ခက်ခဲတာမျိုး ၊ ထိုင်ရထရ ခက်ခဲတာမျိုး ဖြစ်တာတွေ ဟာ ဒီရောဂါကြောင့် ဖြစ်တာပါ။ အောက်က ပုံလေးကို ကြည့်ပါ။ ပုံမှန် လူတစ်ယောက် ရဲ့ ဒူးခေါင်းနဲ့ ရောဂါ ဖြစ်နေသူ ရဲ့ ဒူးခေါင်းကို နှိုင်းယှဉ် ပြထားတာပါ။
ဘယ်ဘက်ပုံ – ပုံမှန် လူတစ်ယောက် ရဲ့ ဒူးခေါင်း ဟာ အပေါ်က ပေါင်ရိုး ရော အောက်က ခြေသလုံးရိုး နှစ်ခု လုံးရဲ့ထိပ်မှာ အရိုးနှ လေးတွေ နဲ့ ကာကွယ်ပေးထားပါတယ်။ ဒါလေးရှိ နေလို့ ဒူးကွေး ဒူးဆန့် လုပ်တဲ့ နေရာမျိုး မှာ အရိုး နှစ်ခု မပွန်းတိုက် အောင် ကူရှင် သဘောမျိုး ကာကွယ်ပေး ထားတာပါ။ ဒါပေမဲ့ အောက်ဖော်ပြ ပါအချက် တွေ ကြောင့် အဲဒီ အရိုးနှ လေးတွေ ဟာ ပျက်စီး သွားတတ်ပါတယ်။
ဒါပေမဲ့ အောက်ဖော်ပြ ပါအချက် တွေ ကြောင့် အဲဒီ အရိုးနှ လေးတွေ ဟာ ပျက်စီး သွားတတ်ပါတယ်။
- အသက်အရွယ် – အသက်ကြီးလာ လေလေ ဒီရောဂါ ဖြစ်ဖို့ Chance က တက်လာလေလေ ပါပဲ။
- အ၀လွန်ခြင်း – ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းတစ်ချက် ပါ ။
- ရိုးရိုးလေး ပါ ။ ပိန်တဲ့ လူထက် စာရင် ၀တဲ့ လူက Weight ပိုများတယ် ။ Weight ပိုများ တော့ Weight ကို ထမ်းထား ရတဲ့ အရိုးအဆစ်တွေ(ခြေချင်းဝတ် ၊ ဒူးခေါင်း ၊ တင်ပါးဆုံ) က ပိုပီး Pressure တက်ရောက် တယ်။ ကြာလာတော့ အရိုးအဆစ် တွေ မှာ ဒဏ်ဖြစ်လာတဲ့ သဘောပါပဲ။
- နောက်ပီး Fat Tissue (အဆီ) တွေက ထုတ်တဲ့ Protein ဓာတ်တစ်မျိုး ဟာလည်း အရိုးအဆစ် တွေ ကို ပျက်စီး စေ ဖို့ ဖြစ်စေ ပါတယ်။
- ဒဏ်ဖြစ်ခြင်း – အားကစား လုပ်ရင်း ဖြစ်ဖြစ် ၊ ပြုတ်ကျတာ တို့ Accident တစ်ခုခု ဖြစ်တာ တို့ ကြောင့် လည်း အဲဒီ အရိုးနှ လေးတွေ က ပျက်စီး သွားတတ်ပါတယ်။
- မွေးရာပါ – တစ်ချို့  က တော့ ကံ မကောင်း စွာပဲ မွေးရာပါ အရိုး အဆစ် ရောဂါ တစ်ခု ခု ပါလာတာ မျိုး ကြောင့် ဖြစ်တတ်ပါတယ်။
- မျိုးရိုး – အရေးကြီး ပါတယ် ၊ မျိုးရိုး လိုက်ပါတယ် မိဘ မှာ ဖြစ်တယ် ဆို ရင် မိမိ မှာလည်း ဖြစ်တတ် တာ မို့ ကြိုတင် သတိထား ကာကွယ်မှု တွေ လုပ်သင့်ပါတယ်။
- နောက် ပြီး ထူးဆန်း တဲ့ တစ်ချက် က တော့ ဒီရောဂါ က အမျိုးသမီး တွေ မှာ ပို အဖြစ်များပါတယ် ။
Osteo-arthr-itis အော့စ်တီယို အာတရိုင်း တိစ်။
Osteoarthritis ဒူး တစ်ခု ထဲ မဟုတ် ပါဘူး ။ အရိုး အဆစ် အားလုံး မှာ ဖြစ်နိုင်ပါတယ် (ခြေကျ င်းဝတ် ၊ တင်ပါးဆုံ ၊
လက်ကောက်ဝတ်၊ တံတောင်ဆစ် ၊ လက်ချောင်းလေး တွေ က အစ နောက်ဆုံး ခါးရိုးကြီး မှာပါ
ဖြစ်နိုင်ပါတယ်။ ဒါပေ မဲ့ အဖြစ်အများ ဆုံး ကတော့ ဒူးခေါင်း ပါ။ အပေါ် မှာ ရှင်းပြ ခဲ့တဲ့ အတိုင်း လူ့ ကိုယ်အလေးချိန် ကို ထမ်းထား ရတဲ့ အရိုးအဆစ် တွေက ပို အဖြစ်များ ပါတယ်။
နောက် Post မှာ ဒီရောဂါ ဖြစ်ရင် ပြတတ်တဲ့ Sign တွေ ၊ ရောဂါ အဆင့် သတ်မှတ်ချက် နဲ့ ကုသလို့ရ မယ့် နည်းလမ်းလေး တွေကို ရေးသွားပေးပါမယ်။
ဒီ Post လေးက သင့် အတွက် အကျိုး တစ်ခုခု ရှိခဲ့ တယ်ဆို ရင် အောက်ပါ Link လေးတွေ ကနေ Share သွားပေးပါ။
ဆက်လက် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ။
Thanks !
Dr.7592
No comments:
Post a Comment