အခု Post မှာ ဒီရောဂါ ဖြစ်ရင် ဘာတွေ ခံစားရ မလည်း ၊ ဘာတွေ လုပ်ရင် သက်သာ နိုင်မလည်း နဲ့ ဘာကုထုံး ကုနည်း တွေ နဲ့ သက်သာ အောင် ကု လို့ ရမလည်း ဆိုတာ လေးတွေ ရှင်းပြ သွားပါမယ်။
ခံစား ရမယ့် ဝေဒနာ တွေက –
- Pain – အဓိက အချ က် ပေါ့နော် ။ လမ်းလျှောက် ချိန် ၊ လှုပ်ရှား သွားလာ ချိန်တွေ မှာ ရောဂါ ဖြစ်နေ တဲ့ အဆစ်က နာကျင်ကိုက် ခဲ လာတာ(ဒူးကိုက် ၊ ခါးကိုက်)
- Tenderness – သွားထိ လိုက် ရင် ကိုက်တတ် လာတာတွေ ၊
- Stiffness – များသော အားဖြင့် နံနက် အိပ်ရာ က ထခါစ မှာ ကိုယ်လက် အဆစ် တွေ တောင့်တင်း နေတာတွေ ၊
- Loss of Flexibility – ပုံ မှန် လို လှုပ်ရှား မှု မလုပ်နိုင်ခြင်း ၊ ဒူးအပြည့် မဆန့်နိုင်တာမျိုး ၊ လမ်းလျှောက် ရင် တောင့်တောင့် ကြီး ဖြစ်နေတာမျိုးတွေ ၊
- Grating Sensation (Crepitus)– အဆစ် နေရာ က နေ လှုပ်ရှား မှု ပြုလုပ်လိုက် ချိန်မှာ အသံ တွေ ကြားနေရ တာမျိုး ၊
- Bone Spurs – ဒီအချက်က တော့ ရောဂါ အဆင့် မြင့်လာတဲ့ အချိန်မျိုး မှာ မှ ဖြစ်တတ်ပါတယ် ။ အောက်မှာ ဆက်ရှင်း ပြသွား ပါမယ်။
ဆက်ပြီး တော့ ရောဂါ အဆင့် သတ်မှတ် ချက်တွေ ကို ဆက်ရေးသွားပါမယ်။
ရောဂါ အဆင့် (၁) ကတော့ အပေါ်ပုံ မှာ ပြထားတဲ့ အတိုင်း အရိုးနှလေး(Cartilage)လေးတွေ က စတင်ပျက်စီး လာပါပီ။ ဒီအချိန် မှာ ကိုက်ခဲတာမျိုး ၊ သွားလာရ ထိုင်ရထရ နဲနဲ ခက်ခဲ လာပါမယ်။ ဒါပေမဲ့
သင်သတိ ထားဦး မှာ မဟုတ်သေးပါဘူး ၊ အညောင်းမိတာနေ မှာပါ ၊ ဒဏ်ဖြစ်တာ ဖြစ် မယ်လို့  မှတ်ယူ ပီးထိရောက် တဲ့ ကုသမှု ခံယူဦး မှာ မဟုတ်ပါဘူး။ ဒါ ဆို ခုချက်ချင်း အရိုးအထူးကု နဲ့သွားပြရတော့ မှာလား ???
အဲလို လည်း မဟုတ် ပါဘူး ။ နီးစပ် ရာ အထွေထွေရောဂါကု ဆေးခန်း(GP) မှာ သွားပြပါ။ ဆရာဝန် ကို ဖြစ်နေ တာ တွေ သေချာ ရှင်းပြ ပြောပြပါ ၊ လိုအပ်ရင် X-Ray ဓာတ်မှန် ရိုက်လိုက်ပါ ၊ အဖြေပေါ်ပါ လိမ့် မယ်။ အဲခါမှ ဆရာက လိုအပ်လျှင် အရိုးအကြောအထူးကု ဆီ လွှဲပေးပါလိမ့်မယ်။
ရောဂါ အဆင့်(၂) ဆိုရင် အရိုးနှလေးတွေ ရဲ့ အပေါ်ယံ အလွှာက ကြွေကျစပြု ပါပီ။ အဲဒီ ကြွေကျလာတဲ့ အစအန လေးတွေဟာ သင့် ဒူးဆစ် ထဲမှာ စုပုံလာပါမယ်။ ဒီလိုမျိုး ဖြစ်ခြင်း ကို Bone Spur လို့ ခေါ်တာပါ။
ရောဂါ အဆင့်(၃) ဒီအဆင့်မှာ တော့ Cartilage တွေက တော်တော် ကို ပျက်စီး နေပါပီ ။ နဲနဲ လေး လှုပ်ရှား လိုက်တာနဲ့ နာကျင်မှု တွေ ခံစားရပါပီ။
ရောဂါ အဆင့်(၄) Cartilage ခေါ် အရိုးနှလေးတွေ လုံးဝ ပျက်စီးသွားပါပီ ၊ အဆစ် ရဲ့ အပေါ် အရိုး နဲ့ အောက်အရိုး နှစ်ခု က လှုပ်ရှားလိုက် တိုင်း တိုက်ရိုက် ပွတ်တိုက်ပီး နာကျင်ခံစား ရမှု က ပြင်းထန်လာပါပီ။ အဲလို ပွတ်တိုက် မှု များလာတဲ့ အချိန်မှာ အရိုးတွေက ပါ ဒဏ်တွေ ဖြစ်လာမှာပါ။ …… ဒီ အဆင့် မှာ တော့ ရောဂါ က တော်တော် ပြင်းထန်နေ ပါပီ။ ဆောင်ရန် ရှောင်ရန် တွေကို လိုက်နာ ပီး ကုသ မှုတွေကို ထိရောက်စွာ လိုက်နာရ မှာဖြစ်ပါတယ်။
နောက် Post တစ်ခု မှာ ဆက်လက် ဖော်ပြသွားပါ မယ်။
Thanks
Dr.7592
No comments:
Post a Comment