Friday, April 15, 2016

Osteoarthritis(OA) Part III

Hi Again ... OA ရောဂါ အတွက် နောက်ဆုံး Post မှာတော့ ရောဂါ သက်သာ အောင် နေထိုင်ပုံ ၊ သောက်                  သုံးနိုင်တဲ့ ဆေးဝါးများနှင့်  ခွဲစိတ်မှု များကို ရေးသွားပါမယ်။

       ပထမ ဆုံး အနေနဲ့ OA လို့ နာမည် တပ်နိုင် မယ့် ဓာတ်မှန် ကို တစ်ချက်ကြည့်ရအောင်--

         ဒီ ဓာတ်မှန် လေးမှာ နှိုင်းယှုဉ် ပြထားပါတယ်။
ဘယ်ဘက်ထောင့်ဆုံး လူရဲ့ ဓာတ်မှန် ကို ကြည့်ပါ။ အရိုးနှစ်ခု ကြားမှာ နေရာလေး လွတ်နေ ပါတယ်။ အဲဒီ လွတ်နေတဲ့ နေရာ လေးက အရိုးနှ(Cartilage) ရှိနေတာပါ။ Cartilage က ဓာတ်မှန် မှာ မမြင်ရပါဘူး။
         အလယ်က လူကတော့ OA ၀င်စ ပြုနေပါပီ။ သူ့ရဲ့ Cartilage တွေပျက်စီး စ ပြုလာပါပီ။ အဲဒါ
ကြောင့် သူ့ဓာတ်မှန် မှာ အရိုးနှစ် ခု ကြားက နေရာလေး(Cartilage ရှိရမယ့် နေရာလေး) က ပျောက်စ   ပြုလာပါပီ။
         ညာဘက်ထောင့်ဆုံး လူ ဓာတ်မှန်မှာတော့ အရိုး နှစ်ခု က လုံးဝ ထိသွားပါပီ။ ဆိုလို တာ က အရိုးနှ လေးတွေ လုံးဝ နီးပါး ပျက်စီး ကုန်ပီ။
       
        ဒီလောက် ဆို ရောဂါ အကြောင်း တော်တော် နားလည် လောက်ပီ ဟုတ်။ ဒါဆို ဒီရောဂါ ဖြစ်လာ ရင် ဘာတွေ လုပ်ရင် သက်သာ မလည်း ၊ ဘာကုနည်း တွေ ရှိလည်း ဆိုတာလေး တွေ ဆက် ပြောသွားပေး ပါမယ်။
Osteoarthritis ဆိုတဲ့ ရောဂါ က လုံးဝ အရှင်း ကုလို့ ပျောက်မယ့် ရောဂါ မျိုး မဟုတ်ပါဘူး ၊ ထို့အတွက် နာကျင်မှု အနည်းဆုံး နဲ့ ပုံမှန် လူတစ်ယောက် လို အကောင်းဆုံး နေထိုင်နိုင် ဖို့ ကြိုးစားသွား နိုင်ပါတယ်။

  1. ဆေး မကူ ပဲ နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း၊
  2. ဆေး ၀ါး အကူအညီ ယူခြင်း၊
  3. ခွဲစိတ် ကုသ မှု ခံယူခြင်း များ ဖြင့်  သက်သာ ပျောက်ကင်း အောင် လုပ်နိုင် ပါတယ်။


  1. ဆေး မကူ ပဲ နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း၊

                       - Weight ကို တတ်နိုင် သလောက် ချဖို့ ကြိုးစားပါ။ Weight နဲလာလေ ကိုယ့် Weight                          ကို ထမ်းထားရ တဲ့ အဆစ် တွေ က သက်သာ လေပဲ။
                       - အဆစ် က သိပ် အလုပ် မလုပ် နိုင်တော့ သူ့ဘေမှာ ရှိတဲ့ ကြွက်သား တွေ သန်မာ                            လာအောင် အားကစား ပြု လုပ်ခြင်း။ ပြန်လည် သန်စွမ်းရေး အထူးကု များနှင့်                                  (Physical and Rehab Medicine) ပြပီး အကြံဥာဏ် များယူသင့်ပါတယ်။
                         (အသေးစိတ် ဖတ်လို လျှင်)
                       - Research တစ်ခု မှာ ထောပတ်သီး နှင့် ပဲပိစပ် ဆီ ကို ရောပီး သာက်ခြင်း ဖြင့်လည်း
                          အထိုက် အလျောက် သက်သာ စေပါတယ် လို့ ဖော်ပြထားပါတယ်။

                       - အဆစ် တွေ ရဲ့ လှုပ်ရှား မှုကို သက်သာအောင် ကူညီပေးခြင်း၊
                          *လမ်းလျှောက် ရင် ထောက်တုတ် အကူအညီ ယူခြင်း၊
                          *ဘိုထိုင် အိမ်သာ အသုံးပြုခြင်း၊
                          *အထိုင် အထ လုပ်ချိန် လက်ကိုင် တစ်ခုခု အကူအညီ ယူထခြင်း၊
                          စသည်ဖြင့် သက်သာ အောင် လေ့ကျင့် လုပ်ဆောင် သွားလို့ ရပါတယ်။
     2. ဆေး ၀ါး အကူအညီ ယူခြင်း၊

        • အကိုက် အခဲ ပျောက်ဆေး များသောက်ခြင်း  (Paracetamol , Ibuprofen) တို့ ကို သောက်နိုင်ပါတယ်။(အကိုက်အခဲ ပျောက်ဆေး သောက်လျင် ဗိုက်ထဲအစာ ရှိမှ သောက်ပါ)
        • အစာအိမ် ရောဂါ ရှိသူများ အဖို့  အပူဓာတ် ပါတဲ့ အကိုက်အခဲပျောက်         လိမ်းဆေး (ဘီဂျက်ဆစ်) ဆို ဆေးမျိုး လိမ်းပေးပါ။
        • Glucosamine နဲ့ Chondroitin ဓာတ်တွေ ပါဝင် တဲ့ ဆေး တစ်ခုခု လည်း ပုံမှန် မှီဝဲ သွားသင့်ပါတယ်။ သဘာဝ အားဖြင့် ဂုံးကောင်လေး တွေက ရတဲ့ ဒီဓာတ်က အရိုးအဆစ်တွေ အတွက် အားဆေးကောင်း တစ်ခု ဖြစ်ပါတယ်။
             3.
        • ရောဂါ ဖြစ်နေတဲ့ အဆစ်ထဲကို Cortisone ထိုးလို့ရပါတယ်။ ဒါပေမဲ့ ဒီလို ကုတာဟာ ခဏတာပဲ ကောင်းပါတယ်။ ကြာလာရင် အဆစ် ပျက်စီး မှုက ပိုဆိုး လာနိုင်ပါတယ်။
        • Hyaluronic Acid ထို့လို့ လည်းရပါသေးတယ်။ သူကတော့ အရိုးနှစ်ခု ကြား မှာ ကူရှင် သဘောမျိုး လုပ်ဆောင် ပေးပီး အရိုး  နှစ်ခု ပွတ်တိုက် မှုကို    အထိုက်အလျောက် ကာကွယ်ပေးပါတယ်။
        • Operation တွေ အနေနဲ့ 
          • Osteotomy - သင့်ရဲ့  အဆစ်ကို Weight သက်ရောက် မှု နဲသွားအောင်                        လုပ်ပေးတဲ့ Operation ပါ။
          • Arthroplasty - ဒါကတော့ အခု ခေတ်စား လာတဲ့ Operation ပါ။ ပျက်စီး                       သွားတဲ့ သင့်ရဲ့ အရိုးနှ လေးတွေ နေရာ မှာ Metal သို့                         Plastic တစ်ခုခု ထည့်သွင်းပီး အစားထိုး လိုက်တဲ့                               သဘောပါ။ (အသေးစိတ် ဖတ်ရန်)



        Osteoarthritis ကြောင်းနဲ့ ပတ်သက် လို့ အကြမ်းဖျင်း နားလည် သွားပီလို့ ထင်ပါတယ်။
ဆက်လက်ပီး သိလို့ တဲ့ အချက်များ ရှိရင် Comment ကနေ သို့မဟုတ် Email က တစ်ဆင့် ဆက်သွယ်  မေးမြန်း နိုင်ပါတယ်။


Thanks !
Dr.7592


          


                         
 
     




Osteoarthritis (OA)

ဒီ ရောဂါ ကတော့ စာဖတ်သူ တို့ ရင်းနှီးမှာပါ။ အဖြစ်လည်း များပါတယ်။ အမျိုး ထဲမှာ အသိမိတ်ဆွေ ထဲမှာ အသက်     ကြီးသူတွေ မှာ ဒူးကိုက်လို့ ဒူးနာလို့ လှေကား အတက်အဆင်း ခက်ခဲတာမျိုး ၊ ထိုင်ရထရ ခက်ခဲတာမျိုး   ဖြစ်တာတွေ ဟာ ဒီရောဂါကြောင့် ဖြစ်တာပါ။  အောက်က ပုံလေးကို ကြည့်ပါ။ ပုံမှန် လူတစ်ယောက် ရဲ့ ဒူးခေါင်းနဲ့ ရောဂါ ဖြစ်နေသူ ရဲ့ ဒူးခေါင်းကို နှိုင်းယှဉ် ပြထားတာပါ။
ဘယ်ဘက်ပုံ – ပုံမှန် လူတစ်ယောက် ရဲ့ ဒူးခေါင်း ဟာ အပေါ်က ပေါင်ရိုး ရော အောက်က ခြေသလုံးရိုး နှစ်ခု လုံးရဲ့ထိပ်မှာ အရိုးနှ လေးတွေ နဲ့ ကာကွယ်ပေးထားပါတယ်။ ဒါလေးရှိ နေလို့ ဒူးကွေး ဒူးဆန့် လုပ်တဲ့ နေရာမျိုး မှာ အရိုး နှစ်ခု မပွန်းတိုက် အောင် ကူရှင် သဘောမျိုး ကာကွယ်ပေး ထားတာပါ။  ဒါပေမဲ့ အောက်ဖော်ပြ ပါအချက် တွေ ကြောင့် အဲဒီ အရိုးနှ လေးတွေ ဟာ ပျက်စီး သွားတတ်ပါတယ်။
         ဒါပေမဲ့ အောက်ဖော်ပြ ပါအချက် တွေ ကြောင့် အဲဒီ အရိုးနှ လေးတွေ ဟာ ပျက်စီး သွားတတ်ပါတယ်။

  • အသက်အရွယ် – အသက်ကြီးလာ လေလေ ဒီရောဂါ ဖြစ်ဖို့ Chance က တက်လာလေလေ ပါပဲ။
  • အ၀လွန်ခြင်း     – ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းတစ်ချက် ပါ ။
    • ရိုးရိုးလေး ပါ ။ ပိန်တဲ့ လူထက် စာရင် ၀တဲ့ လူက Weight ပိုများတယ် ။ Weight ပိုများ တော့ Weight ကို ထမ်းထား ရတဲ့ အရိုးအဆစ်တွေ(ခြေချင်းဝတ် ၊ ဒူးခေါင်း ၊ တင်ပါးဆုံ) က ပိုပီး Pressure တက်ရောက် တယ်။ ကြာလာတော့ အရိုးအဆစ် တွေ မှာ ဒဏ်ဖြစ်လာတဲ့ သဘောပါပဲ။
    • နောက်ပီး Fat Tissue (အဆီ) တွေက ထုတ်တဲ့ Protein ဓာတ်တစ်မျိုး ဟာလည်း အရိုးအဆစ် တွေ ကို ပျက်စီး စေ ဖို့ ဖြစ်စေ ပါတယ်။
  • ဒဏ်ဖြစ်ခြင်း     – အားကစား လုပ်ရင်း ဖြစ်ဖြစ် ၊ ပြုတ်ကျတာ တို့ Accident တစ်ခုခု ဖြစ်တာ တို့ ကြောင့်     လည်း အဲဒီ အရိုးနှ လေးတွေ က ပျက်စီး သွားတတ်ပါတယ်။
  • မွေးရာပါ           – တစ်ချို့  က တော့ ကံ မကောင်း စွာပဲ မွေးရာပါ အရိုး အဆစ် ရောဂါ တစ်ခု ခု ပါလာတာ မျိုး     ကြောင့် ဖြစ်တတ်ပါတယ်။
  • မျိုးရိုး                  – အရေးကြီး ပါတယ် ၊ မျိုးရိုး လိုက်ပါတယ် မိဘ မှာ ဖြစ်တယ် ဆို ရင် မိမိ မှာလည်း ဖြစ်တတ် တာ မို့ ကြိုတင် သတိထား ကာကွယ်မှု တွေ လုပ်သင့်ပါတယ်။
  • နောက် ပြီး ထူးဆန်း တဲ့ တစ်ချက် က တော့ ဒီရောဂါ က အမျိုးသမီး တွေ မှာ ပို အဖြစ်များပါတယ် ။
Osteo-arthr-itis အော့စ်တီယို အာတရိုင်း တိစ်။
 Osteoarthritis ဒူး တစ်ခု ထဲ မဟုတ် ပါဘူး ။ အရိုး အဆစ် အားလုံး မှာ ဖြစ်နိုင်ပါတယ် (ခြေကျ င်းဝတ် ၊ တင်ပါးဆုံ ၊
လက်ကောက်ဝတ်၊ တံတောင်ဆစ် ၊ လက်ချောင်းလေး  တွေ က အစ နောက်ဆုံး ခါးရိုးကြီး မှာပါ

 ဖြစ်နိုင်ပါတယ်။ ဒါပေ မဲ့ အဖြစ်အများ ဆုံး ကတော့ ဒူးခေါင်း ပါ။ အပေါ် မှာ ရှင်းပြ ခဲ့တဲ့ အတိုင်း လူ့ ကိုယ်အလေးချိန် ကို ထမ်းထား ရတဲ့ အရိုးအဆစ် တွေက ပို အဖြစ်များ ပါတယ်။

 

နောက် Post မှာ ဒီရောဂါ ဖြစ်ရင် ပြတတ်တဲ့ Sign တွေ ၊ ရောဂါ အဆင့် သတ်မှတ်ချက် နဲ့  ကုသလို့ရ မယ့် နည်းလမ်းလေး တွေကို ရေးသွားပေးပါမယ်။
ဒီ Post လေးက သင့် အတွက် အကျိုး တစ်ခုခု ရှိခဲ့ တယ်ဆို ရင် အောက်ပါ Link လေးတွေ ကနေ Share သွားပေးပါ။
ဆက်လက် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ။
Thanks !
Dr.7592

Osteoarthritis (OA) Part II

Hi .. အရှေ့ Post မှာတော့ Osteoarthritis ရောဂါ ဖြစ်ရ ခြင်း အကြောင်းတွေ ၊ ဖြစ်တတ် တဲ့ နေရာ လေးတွေ ဖော်ပြပြီး ပါပြီ။ 
အခု Post မှာ ဒီရောဂါ ဖြစ်ရင် ဘာတွေ ခံစားရ မလည်း ၊ ဘာတွေ လုပ်ရင် သက်သာ နိုင်မလည်း နဲ့ ဘာကုထုံး ကုနည်း တွေ နဲ့ သက်သာ အောင် ကု လို့ ရမလည်း ဆိုတာ        လေးတွေ   ရှင်းပြ သွားပါမယ်။
ခံစား ရမယ့် ဝေဒနာ တွေက –
  • Pain     – အဓိက အချ က် ပေါ့နော် ။ လမ်းလျှောက် ချိန် ၊ လှုပ်ရှား သွားလာ ချိန်တွေ မှာ ရောဂါ ဖြစ်နေ တဲ့ အဆစ်က နာကျင်ကိုက် ခဲ လာတာ(ဒူးကိုက် ၊ ခါးကိုက်)
  • Tenderness – သွားထိ လိုက် ရင် ကိုက်တတ် လာတာတွေ ၊
  • Stiffness       – များသော အားဖြင့် နံနက် အိပ်ရာ က ထခါစ မှာ ကိုယ်လက် အဆစ် တွေ တောင့်တင်း နေတာတွေ ၊
  • Loss of Flexibility – ပုံ မှန် လို လှုပ်ရှား မှု မလုပ်နိုင်ခြင်း ၊ ဒူးအပြည့် မဆန့်နိုင်တာမျိုး ၊ လမ်းလျှောက် ရင် တောင့်တောင့် ကြီး ဖြစ်နေတာမျိုးတွေ ၊
  • Grating Sensation (Crepitus)– အဆစ် နေရာ က နေ လှုပ်ရှား မှု ပြုလုပ်လိုက် ချိန်မှာ  အသံ တွေ ကြားနေရ တာမျိုး ၊
  • Bone Spurs      – ဒီအချက်က တော့ ရောဂါ အဆင့် မြင့်လာတဲ့ အချိန်မျိုး မှာ မှ ဖြစ်တတ်ပါတယ် ။           အောက်မှာ ဆက်ရှင်း ပြသွား ပါမယ်။
ဆက်ပြီး တော့ ရောဂါ အဆင့် သတ်မှတ် ချက်တွေ ကို ဆက်ရေးသွားပါမယ်။


ရောဂါ အဆင့် (၁) ကတော့ အပေါ်ပုံ မှာ ပြထားတဲ့ အတိုင်း အရိုးနှလေး(Cartilage)လေးတွေ က စတင်ပျက်စီး လာပါပီ။ ဒီအချိန် မှာ ကိုက်ခဲတာမျိုး ၊ သွားလာရ  ထိုင်ရထရ နဲနဲ ခက်ခဲ လာပါမယ်။ ဒါပေမဲ့
သင်သတိ ထားဦး မှာ မဟုတ်သေးပါဘူး ၊ အညောင်းမိတာနေ မှာပါ ၊ ဒဏ်ဖြစ်တာ ဖြစ်   မယ်လို့  မှတ်ယူ ပီးထိရောက် တဲ့ ကုသမှု ခံယူဦး မှာ မဟုတ်ပါဘူး။                                ဒါ ဆို ခုချက်ချင်း အရိုးအထူးကု နဲ့သွားပြရတော့ မှာလား ???
အဲလို လည်း မဟုတ် ပါဘူး ။ နီးစပ် ရာ အထွေထွေရောဂါကု ဆေးခန်း(GP) မှာ သွားပြပါ။ ဆရာဝန် ကို ဖြစ်နေ တာ    တွေ သေချာ ရှင်းပြ ပြောပြပါ ၊ လိုအပ်ရင် X-Ray ဓာတ်မှန် ရိုက်လိုက်ပါ ၊ အဖြေပေါ်ပါ လိမ့် မယ်။ အဲခါမှ ဆရာက လိုအပ်လျှင် အရိုးအကြောအထူးကု ဆီ လွှဲပေးပါလိမ့်မယ်။
ရောဂါ အဆင့်(၂) ဆိုရင် အရိုးနှလေးတွေ ရဲ့ အပေါ်ယံ အလွှာက ကြွေကျစပြု ပါပီ။ အဲဒီ ကြွေကျလာတဲ့ အစအန      လေးတွေဟာ သင့် ဒူးဆစ် ထဲမှာ စုပုံလာပါမယ်။ ဒီလိုမျိုး ဖြစ်ခြင်း ကို Bone Spur လို့ ခေါ်တာပါ။
ရောဂါ အဆင့်(၃) ဒီအဆင့်မှာ တော့ Cartilage တွေက တော်တော် ကို ပျက်စီး နေပါပီ ။ နဲနဲ လေး လှုပ်ရှား လိုက်တာနဲ့ နာကျင်မှု တွေ ခံစားရပါပီ။
ရောဂါ အဆင့်(၄) Cartilage ခေါ် အရိုးနှလေးတွေ လုံးဝ ပျက်စီးသွားပါပီ ၊ အဆစ် ရဲ့ အပေါ် အရိုး နဲ့ အောက်အရိုး နှစ်ခု က လှုပ်ရှားလိုက် တိုင်း တိုက်ရိုက် ပွတ်တိုက်ပီး နာကျင်ခံစား ရမှု က ပြင်းထန်လာပါပီ။ အဲလို ပွတ်တိုက် မှု များလာတဲ့ အချိန်မှာ အရိုးတွေက ပါ ဒဏ်တွေ ဖြစ်လာမှာပါ။ …… ဒီ အဆင့် မှာ တော့ ရောဂါ က တော်တော် ပြင်းထန်နေ ပါပီ။ ဆောင်ရန် ရှောင်ရန် တွေကို လိုက်နာ ပီး ကုသ မှုတွေကို ထိရောက်စွာ လိုက်နာရ မှာဖြစ်ပါတယ်။

နောက် Post တစ်ခု မှာ ဆက်လက် ဖော်ပြသွားပါ မယ်။
Thanks
Dr.7592